တိုင်ရ ဦးမယ် မေမေ...
ကြယ်ရင်ထိုး နဲ့ မိကောင်းကင်ပေါ့..
ကျနော့်ကို လက်ညှိုးငေါက်ငေါက် ထိုး..
လျှောက်လေရာ လမ်းမှာ..
လမင်းတွေ ရှုပ်ရှက်ခက်အောင် ခြွေပြတယ်လေ..
မေမေ ပြောတဲ့
ထမင်းဆီစမ်း ရွှေလင်ဗန်းကိုတော့
ကျနော် မမျှော်ဖြစ်တော့ဘူး..
အခု ကျနော်..
ခနဲ့ ပြုံး တွေ စု နေတယ်..
သြော်. မေမေရယ်..
ပုခက်လွှဲတဲ့ လက်ခလေးကို
သား ... တအား လွမ်းတယ်..။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
ပန်းတွေ မပွင့်တဲ့ ကမ္ဘာ

စစ်ချီ စစ်မောင်းသံတွေနဲ့..
မိုးတွေ ကိုယ်စီ ရွာ ကြတယ်။
လေဆန်မှာမှ လာဆုံရတဲ့အတွက်
ငါ့ကို ခွင့်လွှတ်ပါ။
မိုးကလေး အုံ့နေတာကလွဲရင်..
ဘာကိုမှ မှောင်မနေချင်တဲ့ ကောင်ဆိုတော့
နည်းနည်းတော့ ပြောရခက်မယ်။
ဘယ်လိုလဲ..
ရစ်သမ် မိခါမှ တေးသာတယ် ထင်တာလား.။
အဲ့လိုဆိုရင်တော့..
ငါက စိုင်းသံ ဗုံသံ တွေ ဖြစ်လာမှာ မဟုတ်ဘူး။
အခုတော့ …
ငါ့မှာ မရှိတဲ့ ရနံ့တွေကို တောင်း
ရာသီကောင်းမှာ မှ ပွင့်ချင်တဲ့ ပန်းလှလှ လေးရေ..
ဘာကိုမှ..မတတ်နိုင်ခဲ့တော့လည်း..
ကိုယ့်လက် ကိုယ်ပြန်ပိုက်..
ကြယ်ကို ကြယ်က တိုက် ချ သွားတဲ့ ည …
ငါ့ကမ္ဘာဟာ. အ . လို့ နေ တုန်း ကွယ်။
လွမ်းချင်း(၁)
License
အနုပညာနဲ့ ပက်သတ်တဲ့ လှုပ်ရှားမှု တွေပါ။
thanks for visiting. =)
thanks for visiting. =)
